
မင်္ဂလာပါ။ ကျွန်တော် ဂျပန်ကြီးပါ။ ဂျပန်ကြီးဦးဆောင်တဲ့ အောင်ကုမ္ပဏီသည် ဂျပန်ရောက်မြန်မာများ ဂျပန်နိုင်ငံမှာ အောင်မြင်အောင် ဂျပန်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလိုင်စင်ရရှိပြီး မြန်မာများအတွက် အလုပ်ကို ကူညီရှာပေးနေပါတယ်။
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အလုပ်ကို ဝိုင်းဝန်းကူညီရှာပေးရာမှာ အလုပ်ကို ရှာနေတဲ့ အလုပ်သမားထံမှ ဝန်ဆောင်ခ ယူတာလုံးဝမရှိပါဘူး။ ဂျပန်ဥပဒေမှာလည်း ဝန်ဆောင်ခယူလို့မရဘူးလို သတ်မှတ်ထားပါတယ်။
ဂျပန်ကြီး Page နဲ့ အောက်ပါ ဂျပန်ကြီးဆီမှာ ရရှိနိုင်တဲ့အလုပ်များထဲမှာရှိတဲ့ အလုပ်ကို လျှောက်ချင်ရင် အောက်ပါ ကိုယ်ရေးကိုယ်တာအချက်အလက်မှား ဂရုစိုက်ထိန်းသိမ်းခြင်းကို သေချာလေ့လာ ဖတ်ရှုပြီး အောက်ပါ ပုံစံကိုပြည့်ပြီး စာရင်းသွင်းပေးပါ။ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမယ်။
ဂျပန်ကြီးဦးဆောင်တဲ့ အောင်ကုမ္ပဏီမှာ လက်ခံထားသော အလုပ်ခေါ်စာများ
အင်ဂျင်နီယာ အလုပ်ခေါ်စာ (တည်ဆောက်နေဆဲ)
မှတ်ချက်။ တစ်ချို့အလုပ်ခေါ်စာသည် အောက်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ တစ်ခြား အေဂျင့်က အလုပ်ခေါ်စာဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာအချက်အလက်များ ဂရုစိုက်ထိန်းသိမ်းခြင်း
အောင်ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဂျပန်နိုင်ငံ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ရေးဥပဒေအရ ဂရုတစိုက်ထိန်းသိမ်းစီမံခန့်ခွဲသွားပါမည်။ အောင် ကုမ္ပဏီအား မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေးမပေးကို မိမိဘာသာမိမိ ဆုံးဖြတ်နိုင် သော်လည်း ယင်းအချက်အလက်များမရရှိသည့်အခါ အောင်ကုမ္ပဏီမှ ဝန်ဆောင်မှုပေးရန် ငြင်းဆိုနိုင် ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုသည်မှာ
ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုသည်မှာ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေလ်လိပ်စာ အစရှိသော အချက်အလက်များဖြစ်၍ ယင်းအချက်အလက်များကို ပေါင်းစပ်သည့်အခါ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိနိုင်သောအချက်အလက်များဖြစ်ပါသည်။
အသုံးပြုမည့်အတိုင်းအတာ
လက်ခံရရှိထားသောကိုယ်ရေးကိုယ်တာအချက်အလက်များကို အလုပ်အကိုင်ရှာဖွေရေးနှင့် အောင် ကုမ္ပဏီ၏ ဝန်ဆောင်မှုပိုမိုကောင်းမွန်တိုးတက်ရေးအတွက်သာ အသုံးပြုပါမည်။ အလုပ်အကိုင် ရှာဖွေပေးသည့်အခါ အောင်ကုမ္ပဏီနှင် ချိတ်ဆက်လုပ်ကိုင်နေသော အခြားအလုပ် အကိုင် ရှာဖွေရေးအေဂျင်စီနှင့် ပူးပေါင်းပြီး အလုပ်အကိုင်ရှာဖွေသည့်အခါလည်းရှိပါသည်။ ထို့အခါ တွင်မူ ကာယကံရှင်၏ သဘောတူညီချက်ဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ယင်းအခြား အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းသို့ ပေးသည့်အခါလည်းရှိနိုင်ပါသည်။ ပေါက်ကြားခြင်းမရှိရန် ထိန်းသိမ်းစီမံခန့်ခွဲခြင်း မူအားဖြင့် လက်ခံရရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာယကံရှင်၏ သဘော တူညီချက်မရရှိပါက တတိယလူအား မပေးပါ။ သို့သော်လည်း လူ့အသက်နှင့် အိုးအိမ်အား ကာကွယ်ရန် ယင်းအချက်အလက်များလိုအပ်၍ ကာယကံရှင်၏ သဘောတူညီချက် ရယူရန် အခက် အခဲရှိသည့်အခါဖြစ်စေ၊ ဥပဒေအရ အစိုးရအဖွဲ့အစည်းမှ တင်ပြရန် တောင်းဆိုလာသည့် အခါဖြစ်စေ သဘောတူညီချက်မရှိသော်လည်း ပေးနိုင်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းသိမ်းစီမံခန့်ခွဲရန် တာဝန်ရှိသူ
အောင်ကုမ္ပဏီတွင် ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထိန်းသိမ်းစီမံခန့်ခွဲရန် တာဝန်ရှိသူသည် ဂျပန်ကြီး ခေါ် Hosokawa Takanoriဖြစ်ပါသည်။ အောင်ကုမ္ပဏီအား ပေးအပ်ထားသော မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်၍ မကျေနပ်မှုရှိ၍ တိုင်ပင်ဆွေးနွေးလိုသည့်အခါ လည်းကောင်း အချက်အလက်များကို ပြင်ဆင်၊ ထပ်တိုး၊ ပယ်ဖျက်ရန်လိုသည့်အခါလည်းကောင်း တာဝန်ရှိသူအား ဆက်သွယ်လာပါက ကာယကံရှင်ဖြစ်ကြောင်းကို အတည်ပြုပြီးမှ ဆောင်ရွက် ဖြေရှင်းပေးပါမည်။
ပုံစံပြည့်နည်းမသိဘူးဆိုရင် ဂျပန်ကြီးကို ဆက်သွယ်မေးမြန်နိုင်ပါတယ်။