コンテンツへスキップ

あうん အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း

  • by

အလုပ်အကိုင်ရှာဖွေရေး

JapanGyiのイラスト

မင်္ဂလာပါ ဂျပန်ကြီးပါ။

ဂျပန်ကြီးဦးဆောင်တဲ့ အောင်ကုမ္ပဏီသည် ဂျပန်နိုင်ငံ ကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလိုင်စင်ရယူပြီး ဂျပန်ရောက်မြန်မာများအတွက် အလုပ်အကိုင်ကို မိတ်ဆက်ပေးနေ ပါတယ်။

အောင်ကုမ္ပဏီမှာ မိတ်ဆက်ပေးနိုင်တဲ့ အလုပ်များကို ဖေ့ဘုတ်စာမျက်နှာမှာ ပိုစ့်တင် မိတ်ဆက်ပေးလေ့ရှိပါတယ်။

အောင်ကုမ္ပဏီကို အလုပ်အကိုင်မိတ်ဆက်ပေးဖို့ အကူအညီတောင်းချင်ရင် အောက်ပါ ခလုတ်ကို နှိပ်ပြီး ပေါ်လာမယ့် စာမျက်နှာမှာ လိုအပ်တဲ့ အချက်အလက်များကို ပြည့်ပြီး ပို့ပေးပါ။

ဂျပန်ကြီးကို အလုပ်မအပ်ခင် အောက်ပါ အလုပ်ရှာနေသူများသိရှိရန်အချက်များကိုလည်း သေချာပတ်ရှုလေ့လာပြီးမှ အလုပ်အပ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ お願いします。

အင်ဂျင်နီယာအလုပ် မြန်မာစကားပြန်အလုပ်အစရှိသော အလုပ်ဗီဇာ အလုပ်ကို ရှာနေသူများ အောက်ပါ ခလုတ်ကို နှိပ်ပြီး 履歴書 နဲ့ 職務経歴書ကို PDF file နဲ့ ပို့ပေးပါ။

とくていぎのう အလုပ်ကို ရှာနေသူများ အောက်ပါ ခလုတ်ကို နှိပ်ပြီး လိုအပ်တဲ့ အချက်အလက်အားလုံးကို ပြည့်ပေးပါ။ တကယ်လို့ မလုပ်တတ်ဘူးဆိုရင် ဂျပန်ကြီး Pageရဲ့ CB ကနေ ဆက်သွယ် အလုပ်အပ်နိုင်ပါတယ်။

အလုပ်ရှာနေသူများသိရှိရန်အချက်များ

ဝန်ဆောင်ခ အခမဲ့

ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက အလုပ်အကိုင်ရှာနေသူဆီကနေ ဝန်ဆောင်ခ ယူလို့မရဘူးလို့ ဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ အလုပ်အကိုင်ရှာနေသူအနေနဲ့ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာနေတဲ့အခါ အကျိုးဆောင်ခကို အေဂျင်စီကို ပေးစရာမလိုပါဘူး။ ဂျပန်ကြီးကိုလည်း အကျိုးဆောင်ခ ပေးစရာမလိုပါ။

အေဂျင်စီလည်း အလုပ်သမားရှာနေတဲ့ ကုမ္ပဏီကနေ အကျိုးဆောင်ခကို ယူပြီး ဒီလုပ်ငန်းကို လည်ပတ်အောင်ဆောင်ရွက်ရပါမယ်။ ဒါကြောင့်မို့လို့ ကုမ္ပဏီကို မိတ်ဆက်မယ့်အလုပ်သမားက တကယ်စွမ်းဆောင်နိုင်ပြီး ကုမ္ပဏီကို အကျိုးပြုမယ့်သူဖြစ်ဖို့ လိုအပ်ပါတယ်။

မိမိစွမ်းဆောင်နိုင်ကြောင်းကို သက်သေပြတာက ကိုယ်ရေးရာဇဝင်ဖြစ်ပါတယ်။ ကိုယ်ရေးရာဇဝင်ကို ကောင်းကောင်းပြင်ဆင်ထားခြင်းက အလုပ်ကောင်းရခြင်းရဲ့ ပထမ ခြေလှမ်းလို့လည်းပြောလို့ရပါတယ်။

ပြေလည်အောင်ညှီနှိုင်ဆောင်ရွက်ခြင်း

အလုပ်အကိုင်ရှာနေစဉ် အလုပ်သမားကိုရှာနေတဲ့ အလုပ်ရှင်နဲ့ အလုပ်ကို ရှာနေတဲ့ အလုပ်သမားကြား ပြဿနာဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ အင်တာဗျူးတဲ့အခါမှာ အလုပ်ရှင်က မပြောသင့်မပြောတိုက်တဲ့အကြောင်းကို မေးတာမျိုးလည်းရှိသလို အင်တာဗျူးမှာ ရှင်းပြထားတာနဲ့ အလုပ်စာချုပ်မှာရေးထားတဲ့အချက်တွေကြား ကွာဟမှုရှိတာလည်း ရှိပါတယ်။

ဒီလို ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာတဲ့အခါ အလုပ်ရှင်တဲ့ အလုပ်သမားကြား အကျိုးဆောင်တဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီသည် နှစ်ဦးနှစ်ဖက် ပြေလည်အောင် အတတ်နိုင်ဆုံး ညှိနှိုင်ဆောင်ရွက်ရပါမယ်။ ဂျပန်ကြီးလည်း ပြဿနာဖြစ်လာရင် အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားပြီး ကြားဝင်ဆောင်ရွက်ပေးပါမယ်။

ဒီတာဝန်ကို ယူတဲ့ ပုဂ္ဂိုလ်က ဂျပန်ကြီး ဂျပန်နာမည် Hosokawa Takanori ဖြစ်ပါတယ်။ တကယ်လို့ အလုပ်အကိုင်ရှာဖွေနေစဉ် အလုပ်လျှောက်တဲ့ ကုမ္ပဏီက အလုပ်ရှင်နဲ့ ပြဿာနာဖြစ်သွားရင် အချိန်မရွေး ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။

ပုဂ္ဂိုလ်ရေးအချက်အလက်များ စနစ်တကျ ထိန်းသိမ်းခြင်း

အလုပ်အကိုင်ရှာဖွေတဲ့အခါမှာ မိမိဘယ်လောက်လုပ်စွမ်းနိုင်သလဲကို သက်သေပြဖို့ ပုံမှန်ဆိုရင် သူများကို မပြချင်တဲ့ အချက်အလက်များကို ကိုယ်ရေးရာဇဝင်ထဲမှာ ထည့်ရေးပြီး အေဂျင်စီနဲ့ ကုမ္ပဏီကို တင်ပြရပါတယ်။

ဂျပန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုပ်ငန်းအရ စုဆောင်ရမယ့် ကုမ္ပဏီသည် Customerမှ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုပ်ငန်းအတွက်သာ အသုံးပြရပြီး တစ်ခြားသူကို အချက်အလက်များ မပေါက်ကြားအောင် စနစ်တကျ ထိန်းသိမ်းထားရပါမယ်။ လုပ်ငန်းသဘောအရ သူတစ်ပါးကို ပြဖို့ လိုအပ်တဲ့အခါ ခွင့်တောင်းပြီးမှ ပြရမယ်။

အောင်ကုမ္ပဏီလည်း အလုပ်အကိုင်မိတ်ဆက်ပေးတဲ့အခါ အလုပ်အကိုင်ရှာပေးပါရန် လာအပ်သူနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စနစ်တစ်ချ လုံခြုံစိတ်ချရာတဲ့ နေရာမှာ ထိန်းသိန်းထားပါတယ်။

မိမိရဲ့ အချက်အလက်များကို ဆက်လက်မထိန်းသိမ်းစေချင်ဘူးဆိုရင် အောင်ကုမ္ပဏီကို အချိန်မရွေးဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

Follow me!

PAGE TOP